ဆာလံကျမ်း 122
မြန်မာကျမ်းစာ Judson 1840 (1840)
1
¶ ငါတို့သည် ထာဝရဘုရား ၏ အိမ် တော်သို့ သွား ကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြ သောအခါ ၊ ငါသည် ဝမ်းမြောက် ခြင်းရှိ၏။
2
အို ယေရုရှလင် မြို့၊ သင် ၏တံခါး တို့အတွင်း ၌ ငါ တို့သည်ရပ် ၍ နေ ကြလိမ့်မည်။
3
ယေရုရှလင် မြို့သည် စေ့စပ် သော မြို့ ကဲ့သို့ တည် ၏။
4
အမျိုး အနွှယ်တို့သည် ထို မြို့သို့တက် ကြ၏။ ဣသရေလ အမျိုး ထုံးစံ ရှိသည်အတိုင်း ၊ ထာဝရ ဘုရား၏ အမျိုးအနွယ် တို့သည် ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ခြင်းငှါ တက်သွားကြ၏။
5
ထို မြို့၌ တရား စီရင်ရာပလ္လင် ၊ ဒါဝိဒ် မင်းမျိုး ၏ ရာဇပလ္လင် တို့ သည်တည် ကြ၏။
6
ယေရုရှလင် မြို့ ငြိမ်ဝပ် မည်အကြောင်းဆုတောင်း ကြလော့။ ထို မြို့ကို မြတ်နိုး စုံမက်သောသူတို့ သည် ချမ်းသာ ရကြပါစေသော။
7
သင် ၏မြို့ရိုး အတွင်း ၌ ငြိမ်ဝပ် ခြင်း၊ သင် ၏ဘုံ ဗိမာန်တို့၌ ချမ်းသာ ခြင်းရှိ ပါစေသော။
8
သင် ၌ ငြိမ်ဝပ် ခြင်းရှိပါစေသောဟု ငါ သည် ညီအစ် ကိုအတွက် ၊ အဆွေ ခင်ပွန်းတို့အတွက် ပြော ဆို ပါမည်။
9
ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကိုထောက် ၍၊ သင် ၏ အကျိုး ကို ရှာ ပါမည်။