Tilde Biblia

ဆာလံကျမ်း 93

မြန်မာကျမ်းစာ Judson 1840 (1840)

1
¶ ထာဝရဘုရား သည် စိုးစံ ၍၊ အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။ ထာဝရဘုရား သည် ထိုသို့ ဝတ်ဆင် ၍၊ ခွန်အား ကို ခါးပန်းစည်း တော်မူ၏။ သို့ ဖြစ်၍၊ လောကဓါတ် သည် မ လှုပ် မရှားနိုင်အောင် တည် လျက် ရှိ၏။
2
ကိုယ်တော် ၏ ပလ္လင် သည် ရှေ့ဦးစွာ မှစ၍ တည် ပါ၏။ ကိုယ်တော် သည် ရှေးကာလမှစ၍ အစဉ် အမြဲဖြစ်တော်မူ၏။
3
အို ထာဝရဘုရား ၊ မြစ် တို့သည် ထ ကြပါ၏။ မြစ် တို့သည် ဟုန်းသံ ကိုပေး ကြပါ၏။ မြစ် တို့သည် လှိုင်း တံပိုးခတ် ကြပါ၏။
4
ရေ များ ဟုန်းသံ နှင့်တကွသမုဒ္ဒရာ လှိုင်း တံပိုးတို့သည်အားကြီး သည်ထက် ၊ ထာဝရဘုရား သည် မြင့် သော အရပ်၌ သာ၍တန်ခိုး ကြီးတော်မူ၏။
5
သက်သေ ခံတော်မူချက်တို့သည် အလွန် မြဲမြံ ကြပါ ၏။ အိုထာဝရဘုရား ၊ သန့်ရှင်း ခြင်းပါရမီသည် အစဉ် အမြဲ အိမ် တော်၏အသရေ ဖြစ်ပါသတည်း။